Running Multiple Instances of Google Talk (GTalk Polygamy)

သင့်မှာ Gmail Address နှစ်ခု ရှိတယ်ဆိုကြပါဆို့။ ဒါပေမဲ့ GTalk မှာ ချက်တင် ၀င်တဲ့အခါ Primary mail နဲ့ပဲ ၀င်နေရတယ်။ နောက် mail adress တစ်ခုနဲ့ပါ တပြိုင်နက် (polygamy) ထပ်ဝင်ပြီး အားရပါးရ ချက်ချင်သေးတယ်ဆိုရင် ဒီတိုင်းလုပ်ပေးလို့ ရပါတယ်။

၁။ Destkop ပေါ်က GTalk icon ကို right click လုပ်ပါ။
၂။ Properties ကိုရွေးပါ။
၃။ Target(location of file) ဆိုသောနေရာကို ရှာပါ။


၎။ ထို့နောက် Target Address ၏နောက်ဆုံးတွင် space ခြားပြီး /nomutex ဆိုသော စာသားလေးကို ရိုက်ထည့်ပေးလိုက်ပါ။

၅။ ထို့နောက် Apply ကို Click လုပ်ပါ။ ပြီးလျှင် သင်၏ primary gamil address နှင့် GTalk သို့ Login လုပ်ပါ။

ဒုတိယအကြိမ်ဝင်ရန်အတွက် Desktop ပေါ်တွင်ရှိသော GTalk icon ကို Click နှိပ်ပြီး secondary gmai address နှင့် username ကိုထည့်ပါ။ ဒါဆို သင့်တွင် GTalk window နှစ်ခု ပေါ်လာပြီး လက်မညောင်းမချင်း ချက်နိုင်ပါပြီ wink

CSS TabDesigner

CSS Menu တစ်ခုကို ကိုယ်တိုင်တည်ဆောက်စရာမလိုပဲ ဒီ Software လေးသုံးပြီး ရယူနိုင်ပါတယ်။ Coding မကြိုက်တဲ့ လူတွေအတွက်တော့ အဆင်ပြေတာပေါ့။

ဂျီးနီးယပ်စ် - GENIUS

တကယ်ထူးချွန်ထက်မြတ်တဲ့ ပညာရှင်တိုင်းဟာ နဂိုဝါသနာအခြေခံပေါ်မှာ ထပ်တလဲလဲ လေ့ကျင့်မှု၊ သက်ဆိုင်ရာနယ်ပယ်နဲ့ ပက်သက်တဲ့ သိသင့် တတ်သင့်သမျှကို သိအောင် တတ်အောင် လေ့လာဆည်းပူးမှု ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို စိတ်တိုင်းမကျမချင်း လက်မလွှတ်တတ်မှု ဆိုတဲ့ ပညာသည်ကောင်းရဲ့ အကျင့်တွေ ထပ်ဆင့်ပေါင်းစပ်ပြီးမှသာ တစ်ဖတ်ကပ်းခတ်ကျွမ်းကျင်သူ (Expert) တွေ၊ အသက်မွေးနိုင်လောက်အောင် တတ်မြောက်သူ (Professional) တွေ၊ သူတကာထက် ထူးကဲထက်မြတ်တဲ့ ပါရမီရှင် (Genius) တွေဖြစ်လာကြတာ။

ဂျီးနီးယပ်စ် - ဖေမြင့်

အပြုံးလေးများ နှင့် ပို့စ်

ဘလော့ပို့စ်တွေမှာ ဒီတိုင်းရေးနေရတာပျင်းလာလို့ smiley လေးတွေထည့်ချင်တယ်ဆိုရင် အောက်ဖော်ပြပါဆိုဒ်မှာ ပါဝင်တဲ့ အဆင့်များအတိုင်းပြုလုပ်နိုင်ပါတယ်။ ကျွန်တော်ရဲ့ cmsmdy.blogspot.com မှာတော့ ထည့်သွင်းထားပါတယ်။


Smiley for Blog

Update: 14/01/07

ဒီဆိုဒ်မှာ ပါတဲ့နည်းအတိုင်း လုပ်လို့ အဆင်မပြေဘူးဆိုရင် နောက်တစ်နည်းအနေနဲ့ ထပ်ပြီးလုပ်ကြည့်နိုင်ပါတယ်။ အခုတွေ့ထားတဲ့ နည်းကတော့ လုပ်ရတာ လုံးဝ လွယ်ကူပါတယ်။

1. Firefox ရှိရပါမယ် [ Download ]

2. Firefox ရဲ့ Add-ons တစ်ခု ဖြစ်တဲ့ Grase Monkey ကို Install လုပ်ပါ [ GetAdd-Ons Here ]

3. GraseMoneky install လုပ်ပြီးပြီဆိုရင် Firefox ရဲ့ ညာဘက်အောက်ခြေ ဒေါင့်မှာ မျောက်ကလေးကို တွေ့ရပါလိမ့်မယ် biggrin

4. Emotions/Smiles လေးတွေပါတဲ့ Javasript Code ကို GraseMonkey နဲ့ install လုပ်ပေးရပါမယ်။ [ Just Click Here ]

5. Javascript ကို GracseMonkey က Auto install လုပ်ပေးသွားပါလိမ့်မယ်။ အဲဒါပြီးတာနဲ့ ဘလော့ဂါရဲ့ Compose View ကို သွားလိုက်တာနဲ့ ဒီလို တွေ့ရပြီပေါ့ razz


6. နောက်ဆုံးအဆင့် အနေနဲ့ကတော့ ဘလော့ဂါရဲ့ img boder code ကြောင့် auto ပါလာမည့် image border ကိုဖျောက်ပေးရပါမယ်။ မဟုတ်ရင် ပုံလေးတွေမှာ border လေးတွေ ပါလာလိမ့်မယ်။ အဲဒီအတွက် ဒီကုဒ်လေးကို header tag မပိတ်ခင်မှာ ထည့်ပေးလိုက်ပါ။ ဒါဆို အိုကေပြီ။

img.emoticon {
padding: 0;
margin: 0;
border: 0;
}

နောက်ပြီး Post မှာ ပါဝင်တဲ့ image တွေကို Border ပေးထားတဲ့ CSS code ကို ဖျက်ပေးရပါမယ်။

.post img {
margin:0 0 5px 0;
padding:4px;
border:1px solid $borderColor; (delete this line)
font-family: "ZawGyi-One", ZawgyiOne, Zawgyi1;
}

အားလုံးအိုကေသွားပါပြီ။ smiles လေးတွေထပ်ရချင်သေးတယ်ဆိုရင် အောက်မှာပါတဲ့ လင့်ခ်တွေကို Click လုပ်ပါ။ GraseMoneky က Auto install လုပ်ပေးသွားပါလိမ့်မယ်။




razz အပြုံးများနှင့် ပျော်ရွှင်ပါစေခင်ဗျာ razz

Search Engine Widget

Website မှာပဲ ဖြစ်ဖြစ် Blog မှာတွေမှာပဲဖြစ်ဖြစ် ထည့်သွင်းအသုံးပြုသင့်တဲ့ Gadgets လေးတစ်ခုပါ။ တစ်ခြား service တွေဖြစ်တဲ့ Technoratio တို့ delicious တို့နဲ့ တွဲဖက်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ Google ကနေ support လုပ်ပေးထားတဲ့ service လေးတစ်ခုပါ။

Window Media Player ဖြင့် Playlist တစ်ခုဖန်တီးခြင်း

wmp ဖြင့် playlist တစ်ခုဖန်တီး၍ webpage များ Blog များတွင် ထည့်သွင်းအသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။ သီချင်းတစ်ပုဒ်တည်းမကဘဲ သီချင်းအပုဒ်ပေါင်းများစွာကို ထည့်သွင်းအသုံးပြုနိုင်ရန်အတွက် အောက်ပါအဆင့်များအတိုင်း ပြုလုပ်ရုံပါပဲ။ sample ပြုလုပ်ထားသော Player ကို cmsmdy.com တွင် ကြည့်ရှု့နိုင်ပါသည်။

၁။ ထည့်သွင်းလိုသော သီချင်းFileများ (.wma or .mp3) ကို FileHosting (eg. fileden.com) တစ်ခုခုတွင် အရင်ဆုံး Upload လုပ်ပါ။

၂။ TextEditor (eg. notepad) တစ်ခုခုကိုဖွင့်ပါ။ Upload လုပ်ထားသောဖိုင်များရဲ့ Location (URL) ကိုထည့်သွင်းပါ။

example list:


၃။ ထိုဖိုင်ကို music.m3u နာမည်ဖြင့်သိမ်းပါ။ [ music နာမည်အစားကြိုက်တဲ့ နာမည်တစ်ခုခုသုံး၍ရပါသည်။ သို့သော် .m3u extension ကတော့ မပါမဖြစ် ပါရပါမည်။ ]

၎။ music.m3u ဖိုင်ကို FileHosting (eg. fielden.com) တစ်ခုခုတွင် Upload လုပ်ပါ။

၅။ Webpage (သို့) Old Blogger တွင် Player ထည့်သွင်းရန်အတွက် အသုံးပြုရမည့် Code မှာ ...

< OBJECT ID="MediaPlayer1" CLASSID="CLSID:22d6f312-b0f6-11d0-94ab-0080c74c7e95" CODEBASE="http://activex.microsoft.com
/activex/controls/mplayer/en/nsmp2inf.cab#
Version=5,1,52,701"
STANDBY="Loading Microsoft Windows® Media Player components..."
TYPE="application/x-oleobject" width="280" height="46" >
<param name="fileName" value="http://www.domain.com/music/music.m3u">
<param name="animationatStart" value="true">
<param name="transparentatStart" value="true">
<param name="autoStart" value="true">
<param name="showControls" value="true">
<param name="Volume" value="-300">
<embed type="application/x-mplayer2" pluginspage="http://www.microsoft.com/Windows/MediaPlayer/" src="http://www.domain.com/music/music.m3u" name="MediaPlayer1" width=280 height=46 autostart=1 showcontrols=1 volume=-300>
</OBJECT>

၆။ BetaBlogger တွင် ထည့်သွင်းရမည့် Code ...

<OBJECT ID="MediaPlayer1" CLASSID="CLSID:22d6f312-b0f6-11d0-94ab-0080c74c7e95" CODEBASE="http://activex.microsoft.com
/activex/controls/mplayer/en/nsmp2inf.cab# Version=5,1,52,701"
STANDBY="Loading Microsoft Windows® Media Player components..." TYPE="application/x-oleobject" width="280" height="46">
<param name="fileName" value="http://www.domain.com/music/music.m3u"/>
<param name="animationatStart" value="true"/>
<param name="transparentatStart" value="true"/>
<param name="autoStart" value="true"/>
<param name="showControls" value="true"/>
<param name="Volume" value="-300"/>
<embed type="application/x-mplayer2" pluginspage="http://www.microsoft.com/Windows/MediaPlayer/" src="http://www.domain.com/music/music.m3u" name="MediaPlayer1" width="280" height="46" autostart="1" showcontrols="1" volume="-300"></embed>
</OBJECT>

အနီဖြင့်ပြထားသောနေရာတွင် FileHosting ၌ Upload လုပ်ခဲ့ပြီးသော .m3u File ရဲ့ address (URL) ကိုအစားသွင်းရမှာဖြစ်ပြီး အစိမ်းရောင်ဖြင့်ပြထားသော တန်ဖိုးများနေရာ၌ လိုအပ်သလို စိတ်တိုင်းကျ ပြောင်းလဲပြုပြင်နိုင်ပါသည်။

Removing Digital Noise

ဓာတ်ပုံတွေမှာ Digital Noise တွေပါလာရင် တော်တော်ကြည့်ရဆိုးပါတယ်။ အဲဒီ noise တွေကို ဖယ်ရှားဖို့အတွက် သုံးတဲ့ noise setting ကတော့

[ Filter > Noise >> Reduce Noise ]
တစ်ခါတည်းနဲ့သုံးရင် နည်းနည်းပဲလျော့သွားမှာပါ။ နောက်တစ်ကြိမ်သုံးဖို့အတွက် Menu ကနေ မသွားဘဲ Ctrl+F နဲ့ သုံးပေးလိုက်ရင်ရပါပြီ။ ကိုယ်လိုသလောက် ညှိသွားနိုင်ပါတယ်။ ဒီထက်ကောင်းတဲ့ noise ဖယ်ရှားနည်းများ ရှိခဲ့လျင်လည်း ဝေမျှကြပါအုံးခင်ဗျာ။

နောင်တ ၁၀ မျိုး

၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာ မသင်ခဲ့မိလေခြင်း။

၂။ ဥစ္စာ မစုဆောင်းမိခဲ့လေ ခြင်း။

၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။

၎။ သူတပါး၏ အသက်ကို ပြစ်မှားမိခဲ့လေခြင်း။

၅။ သူတပါး၏ မယားကို ပြစ် မှားမိခဲ့လေခြင်း။

၆။ ဥစ္စာပစ္စည်း ရှိလျှက် မလှူမိခဲ့လေခြင်း။

၇။ ဆုံးမစကားကို နားမ ထောင်မိခဲ့လေခြင်း။

၈။ မိဘကို မလုပ်ကျွေး မိခဲ့လေခြင်း။

၉။ ပညာရှိထံ နည်းခံ၍ မသင်ကြား မိခဲ့လေခြင်း။

၁၀။ မြတ်သော အကျင့်ကို မကျင့်မိခဲ့လေခြင်း။

[ ကိုရဲလင်း ... အရမ်းပဲကျေးဇူးတင်ပါတယ်ဗျာ ... တကယ်ကို တန်ဖိုးရှိပါတယ် ]